This page contains a list of user images about ကိုလိုနီခေတ် which are relevant to the point and besides images, you can also use the tabs in the bottom to browse ကိုလိုနီခေတ် news, videos, wiki information, tweets, documents and weblinks.
Rihanna - Rehab ft. Justin TimberlakeMusic video by Rihanna performing Rehab. YouTube view counts pre-VEVO: 19591123. (C) 2007 The Island Def Jam Music Group.
Red vs. Blue S8 Tex fights Reds and Blues in awesome action sequenceGo to RoosterTeeth.com for all of season 8 of RvB!
Einstein vs Stephen Hawking -Epic Rap Battles of History #7Download this song: http://bit.ly/EpicRap7 New ERB merch: http://bit.ly/MNwYxq Tweet this Vid-ee-oh: http://clicktotweet.com/TpUg9 Hi. My name is Nice Peter,...
Rihanna - We RideMusic video by Rihanna performing We Ride. (C) 2006 The Island Def Jam Music Group.
One Direction - One Way Or Another (Teenage Kicks)As well as releasing the Red Nose Day single, One Direction are fundraising by doing something funny for money...and they want you to join them! Get involved...
MACKLEMORE & RYAN LEWIS - CAN'T HOLD US FEAT. RAY DALTON (OFFICIAL MUSIC VIDEO)Macklemore & Ryan Lewis present the official music video for Can't Hold Us feat. Ray Dalton. Can't Hold Us on iTunes: https://itunes.apple.com/us/album/cant-...
Draw My Life- Jenna MarblesThis video accidentally turned out kind of sad, ME SO SOWWY IT NOT POSED TO BE SAD WHO WANTS HUGS AND COOKIES? Also, FYI for anyone attempting this, it takes...
Rihanna - Pon de Replay (Internet Version)Music video by Rihanna performing Pon de Replay. YouTube view counts pre-VEVO: 4166822. (C) 2005 The Island Def Jam Music Group.
Key & Peele: Substitute TeacherA substitute teacher from the inner city refuses to be messed with while taking attendance.
David Guetta - Just One Last Time ft. Taped Rai"Just One Last Time" feat. Taped Rai. Available to download on iTunes including remixes of : Tiësto, HARD ROCK SOFA & Deniz Koyu http://smarturl.it/DGJustOne...
Draw My Life - Ryan HigaSo i was pretty hesitant to make this video... but after all of your request, here is my Draw My Life video! Check out my 2nd Channel for more vlogs: http://...
Harrison Ford Won't Answer Star Wars QuestionsSee Harrison Ford in 42! Go to http://42movie.warnerbros.com/ Jimmy Kimmel Live - Harrison Ford Won't Answer Star Wars Questions Jimmy Kimmel Live's YouTube ...
| ဘရာဇီး ဖက်ဒရယ် သမ္မတနိုင်ငံ | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "Ordem e Progresso" Template:Pt icon "Order and Progress" |
|||||
| နိုင်ငံတော်သီချင်း - Hino Nacional Brasileiro Template:Pt icon "Brazilian National Anthem" |
|||||
| ပထဝီ |
|||||
| မြို့တော် | ဘရာဇီးလီးလားမြို့ | ||||
| အကြီးဆုံးမြို့ | ဆော်ပေါင်လိုမြို့ | ||||
ဧရိယာ
|
|||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | Portuguese | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | Presidential Federal republic | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $2.013 trillion[၂] (အဆင့် - ) | ||||
| GDP(PPP) | $10,513[၂] (အဆင့် - ) | ||||
| HDI | 0.813[၃] (အဆင့် - 75th) | ||||
| ငွေ | Real (R$) | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .br | ||||
| Calling code | +55 | ||||
ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက်တွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေအရရော နယ်မြေ အကျယ်အဝန်းအရပါ ကမ္ဘာပေါ်တွင် ပဉ္စမအကြီးဆုံး နိုင်ငံဖြစ်သည်။ စပိန်ဘာသာသုံးသည့် အမေရိကနိုင်ငံများအကြား ဘရာဇီးသာလျှင် ပေါ်တူဂီ ဘာသာကို ရုံးသုံးဘာသာအဖြစ် အသုံးပြုသည်။ [၄] [၄][၅]
အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာကို မျက်နှာမူထားသည့် ဘရာဇီး၏ ပင်လယ်ကမ်းရိုးတန်းမှာ ၇၄၉၁ ကီလိုမီတာ (၄၆၅၅ မိုင်) ရှည်လျားသည်။ [၄] မြောက်ဘက်တွင် ဗင်နီဇွဲလားနိုင်ငံ၊ ဂိုင်ယာနာနိုင်ငံ၊ ဆူရာနမ်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံ၏ နယ်မြေဖြစ်သော ပြင်သစ်ဂီနီ ဒေသ၊ အနောက်မြောက်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ အနောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ၊ ပီရူးနိုင်ငံ၊ အနောက် တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ၊ ပါရာဂွေးနိုင်ငံနှင့် တောင်ဘက်တွင် ဥရုဂွေးနိုင်ငံများ အသီးသီး တည်ရှိသည်။ [၄] ဘရာဇီးနိုင်ငံပိုင် နယ်မြေတွင် ကျွန်းစု အမြောက်အများလည်း ပါဝင်သည်။ တောင်အမေရိကနိုင်ငံများတွင် အီကွေဒေါနိုင်ငံ နှင့် ချီလီနိုင်ငံ မှ လွဲ၍ အခြားနိုင်ငံအားလုံးနှင့် ထိစပ်နေသည်။
ဘရာဇီးနိုင်ငံသည် ၁၅၀၀ ပြည့်နှစ်များမှစ၍ ၁၈၂၂ ခုနှစ်တွင် လွတ်လပ်ရေး ရရှိသည်အထိ ပေါ်တူဂီ၏ ကိုလိုနီနယ်ဖြစ်ခဲ့သည်။[၆] အမှန်တကယ်တွင် ကိုလိုနီ အဖြစ် ပျက်ပြယ်ခဲ့သည်မှာ ၁၈၀၈ ခုနှစ်တွင် နပိုလီယံက ပေါ်တူဂီနိုင်ငံအား ကျူးကျော်ဝင်ရောက်၍ ပေါ်တူဂီကိုလိုနီ အင်ပိုင်ယာ၏ မြို့တော်ကို လစ်စဘွန်းမြို့မှ ရီယို ဒီ ဂျီးနေးရိုးမြို့သို့ ပြောင်းရွှေ့ခဲ့စဉ်ကတည်းကပင် ဖြစ်သည်။ ၁၈၂၂ ခုနှစ်တွင် စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ပါလီမန် စနစ် ကျင့်သုံးသော ဘရာဇီးနိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး လွတ်လပ်ရေး ရခဲ့သည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဘရာဇီးနိုင်ငံအား ဖက်ဒရယ် သမ္မတနိုင်ငံ အဖြစ် သတ်မှတ် ပြဌာန်းထားသည်။ ပြည်နယ် ၂၆ ခုနှင့် မြို့ပေါင်း ၅၅၆၄ မြို့ ပါဝင်သည်။
ဘရာဇီး၏ စီးပွားရေးမှာ ဂျီဒီပီ အားဖြင့် တွက်လျှင် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းဖြင့် ကြည့်ပါက သတ္တမမြောက် အကြီးဆုံးဖြစ်သည်။ [၇][၈] ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် စီးပွား တိုးတက်လျှက်ရှိသော နိုင်ငံကြီးများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် နိုင်ငံတကာမှ အသိအမှတ် ပြုမှုကို အသစ်တဖန် ရရှိခဲ့သည်။ ထို့အတွက်ကြောင့်ရုရှား၊ အိန္ဒိယ၊ တရုတ် တို့နှင့်အပြိုင် စီးပွားရေး ရွှေနိုင်ငံများဟု (BRICs) ကမ္ဘာတွင် အမည်တွင်လာသည်။ နိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် အမေဇုံသစ်တောများဖြင့် ဖုံးလွှမ်းလျှက် ရှိပြီး တောင်ပိုင်းတွင်မူ မြက်ခင်းပြင် မြေပြန့်များသာ များပြားသည်။
မာတိကာ |
သမိုင်းကြောင်း [ပြင်ဆင်ရန်]
ပေါ်တူဂီ ကိုလိုနီခေတ် [ပြင်ဆင်ရန်]
ယခုအခါတွင် ဘရာဇီးနိုင်ငံဟု ခေါ်တွင်နေကြသော ဒေသကို ပီဒရို အယ်လ်ဗာရပ်စ် ကာဘရယ် ဦးဆောင်သော ပေါ်တူဂီတို့၏ သင်္ဘော အစုအဝေး ၁၅၀၀ခုနှစ် ဧပြီလတွင် ရောက်ရှိလာရာမှ ပေါ်တူဂီတို့ စတင် ခြေချခဲ့ကြသည်။ [၉] ထိုအချိန်က ကျောက်ခေတ်လူသား ကဲ့သို့ နေထိုင်ကြပြီး လူမျိုးစုများ အများအပြား ကွဲပြားနေသော မူလနေထိုင်သူတို့အား ပေါ်တူဂီတို့ တွေ့ရှိခဲ့ကြသည်။ ထိုသူအများစုတို့မှာ တူပီ-ဂွါရာနီ ဘာသာစကားကို ပြောဆိုကြပြီး အချင်းချင်း အမြဲ တိုက်ခိုက်နေတတ်ကြသည်။ [၁၀]
ပထမဆုံး စတင် နေထိုင်ခဲ့ကြသည်မှာ ၁၅၃၂ ခုနှစ် ဖြစ်သော်လည်း ကိုလိုနီ နယ်မြေ အဖြစ် သိမ်းပိုက်ခြင်းမှာ ၁၅၃၄ တွင်မှ စတင်ခဲ့သည်။ ဒွန် ဂျို ၃ မှ နယ်မြေ ၁၂ ခု အဖြစ် ခွဲခြား သတ်မှတ်ခဲ့သည်။[၁၁][၁၂] သို့သော်လည်း ထို အစီအစဉ်မှာ ပြဿနာ များစွာ ရှိသဖြင့် ၁၅၄၉ ခုနှစ်တွင် ဘုရင်မှ ကိုလိုနီနယ်မြေ တစ်ခုလုံးကို အုပ်ချုပ်ရန် ဘုရင်ခံချုပ် တစ်ယောက်ကို ခန့်အပ်ခဲ့သည်။[၁၂][၁၃] ပေါ်တူဂီတို့သည် အချို့မျိုးနွယ်စုတို့ကို သိမ်းသွင်းနိုင်ခဲ့ကြပြီး ကျန်လူမျိုးစုများမှာ ကျွန်ပြုခြင်း ခံခဲ့ရသည်။ အချို့သော လူမျိုးစုများမှာ ကာလရှည် စစ်ပွဲများနှင့် သူတို့ထံတွင် ကုသရန် ဆေးမရှိသော ဥရောပမှ သယ်ဆောင်လာသည့် ရောဂါများကြောင့် မျိုးပြုတ် သွားခဲ့ရသည်။ ၁၆ ရာစု အလယ်ပိုင်းသို့ ရောက်သောအခါတွင် သကြားသည် ဘရာဇီးနိုင်ငံ၏ အဓိက တင်ပို့ကုန် ဖြစ်လာခဲ့ပြီး ပေါ်တူဂီတို့ အနေနှင့် တိုးမြင့်လာသော နိုင်ငံတကာမှ ဝယ်လိုအားကို အမှီလိုက်နိုင်ရန် အာဖရိကမှ ကျွန်များကို တင်သွင်းလာခဲ့ကြသည်။[၁၄]
ပြင်သစ်တို့ကို တိုက်ခိုက်သော စစ်ပွဲများမှ တဆင့် ပေါ်တူဂီတို့သည် ၎င်းတို့၏ နယ်ပယ်ကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ပြီး အရှေ့တောင်ဘက်ရှိ ရီယို ဒီ ဂျီးနေးရိုးမြို့ကို ၁၅၆၇ ခုနှစ်တွင် သိမ်းပိုက်ကာ အနောက်မြောက်ဘက်ရှိ ဆောလူးဝစ်မြို့ကို ၁၆၁၅ တွင် သိမ်းပိုက်နိုင်ခဲ့သည်။ အမေဇုံ မိုးသစ်တော များအတွင်းသို့ စစ်တပ်များ စေလွှတ်၍ ဗြိတိသျှနှင့် ဒတ်ချ်တို့ အခိုင်အမာ တပ်စွဲထားသော နေရာများကို အောင်မြင် သိမ်းပိုက်နိုင်ခဲ့ပြီး ၁၆၆၉ ခုနှစ်မှစ၍ ကျေးရွာများနှင့် ခံတပ်များ စတင် တည်ဆောက်ခဲ့သည်။ ၁၆၈၀ တွင် တောင်ဘက်အစွန်ဆုံး အထိ ရောက်ရှိခဲ့ပြီး ရိုင်ယိုဒီလာ ပလာတာ မြစ်ကမ်းတွင် ဆာခရာမင်တိုမြို့ကို တည်ထောင်ခဲ့သည်။ (ယနေ့ခေတ် ဥရုဂွေးနိုင်ငံ နေရာဖြစ်သည်။)
၁၇ ရာစု အကုန်ပိုင်းတွင် သကြားတင်ပို့မှု လျော့ကျလာခဲ့သော်လည်း ၁၆၉၀ ခုနှစ်များတွင် ရွှေတွင်းများ တွေ့ရှိခဲ့ခြင်းကြောင့် ကိုလိုနီနယ် ပျက်သုဉ်းမည့်ဘေးမှ ကင်းဝေးခဲ့သည်။ ဘရာဇီး တစ်နိုင်ငံလုံး အပြင် ပေါ်တူဂီမှ ရွှေ့ပြောင်းနေထိုင်သု ထောင်ပေါင်းများစွာ သတ္တုတွင်းများသို့ ရောက်ရှိလာခဲ့ကြသည်။
၁၈၀၈ ခုနှစ်တွင် ပေါ်တူဂီ တော်ဝင်မိသားစုနှင့် ပေါ်တူဂီ သူကောင်းမျိုး အများစုတို့ ပေါ်တူဂီသို့ ကျူးကျော် ဝင်ရောက်သော ပြင်သစ် ဧကရာဇ် နပိုလီယန် ၁ ၏ တပ်များဘေးမှ ထွက်ပြေးရောက်ရှိ လာကြပြီး ရီယို ဒီ ဂျီးနေးရိုးမြို့တွင် အခြေချ နေထိုင်ခဲ့ကြသဖြင့် ပေါ်တူဂီ အင်ပိုင်ယာ တစ်ခုလုံး၏ နန်းမြို့တော် ဖြစ်လာခဲ့သည်။ ၁၈၁၅ တွင် ဒွန်ဂျို ၆ မှ ဘရာဇီးနိုင်ငံအား ကိုလိုနီ အဖြစ်မှ ပေါ်တူဂီနှင့် ပေါင်းစည်းထားသော အချုပ်အခြာ အာဏာပိုင် နိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ၁၈၀၉ တွင် ပေါ်တူဂီတို့ ပြင်သစ် ဂီနီ ဒေသအား ကျူးကျော်ခဲ့ပြီး (၁၈၁၇ တွင် ပြင်သစ်သို့ ပြန်လည် ပေးအပ်ခဲ့သည်။) ၁၈၁၆ တွင် အရှေ့ဘက် ကမ်းမြှောင်ကို ကျူးကျော်ခဲ့ကာ ဆစ်ပလာတီနာ ဟု နာမည် ပြောင်းခဲ့သည်။
လွတ်လပ်ပြီးခေတ်နှင့် ဘရာဇီးအင်ပိုင်ယာ [ပြင်ဆင်ရန်]
ပေါ်တူဂီ စစ်တပ်မှ နပိုလီယံ၏ ကျူးကျော်မှုကို အောင်မြင်စွာ တွန်းလှန်ပြီးသည့် နောက် ဆဌမမြောက် ရှဝေါင်ဘုရင် (King João VI) သည် ဥရောပသို့ ပြန်သွားခဲ့ပြီး သူ၏ အကြီးဆုံးသားဖြစ်သူ ပီဒရို ဒီ အယ်လ်ကန်ထရာကို ဘရာဇီးကို အုပ်ချုပ်မည့် ဘုရင်ခံ အဖြစ် ခန့်ထားခဲ့သည်။ [၁၅] ၁၈၂၀ လစ်ဘရယ် တော်လှန်ရေးကြောင့် ဖြစ်လာသည့် ပေါ်တူဂီ အစိုးရက ဘရာဇီးနိုင်ငံအား ကိုလိုနီ အဖြစ် တဖန်ပြန်၍ ပြောင်းလဲပစ်နိုင်ရန် ကြိုးစားခဲ့ပြီး ၁၈၀၈ ခုနှစ်မှ စတင်ရရှိခဲ့သည် အောင်မြင်မှုများကို ပြန်လည်ဆုံးရှုံးမည့် အခြေအနေဖြစ်ခဲ့သည်။ ဘရာဇီးများက ထိုသို့ ပြုလုပ်ခြင်းကို လက်မခံဘဲ ပီဒရိုမင်းသားမှလည်း ဘရာဇီးပြည်သူများ ဘက်မှ ရပ်ကာ ၁၈၂၂ စက်တင်ဘာလ ၇ ရက်တွင် ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးကို ကြေငြာခဲ့သည်။ ၁၈၂၂ အောက်တိုဘာ ၁၂တွင် ပီဒရိုသည် ဘရာဇီးနိုင်ငံ၏ ပထမဆုံး ဧကရာဇ် အဖြစ် ကြေငြာခဲ့ပြီး ၁၈၂၂ ဒီဇင်ဘာ ၁ရက်တွင် ပထမ ဒွန်ပီဒရိုဘုရင် အဖြစ် ဘိသိက်ခံခဲ့သည်။[၁၆]
ထိုအချိန်တွင် ဘရာဇီးပြည်သူများသည် ဘုရင်စနစ်ကို ပို၍ သဘောကျကြပြီး သမ္မတနိုင်ငံစနစ်ကို ထောက်ခံသူ နည်းပါးသေးသည်။[၁၇][၁၈] နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဘရာဇီးလွတ်မြောက်ရေး စစ်ပွဲများမှာ ဘရာဇီးနယ်နိမိတ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မြောက်ပိုင်းဒေသ၊ အရှေ့မြောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတို့တွင် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။[၁၉] နောက်ဆုံး ပေါ်တူဂီ စစ်သားမှာ ၁၈၂၄ခုနှစ် မတ်လ ၈ ရက်တွင် လက်နက်ချခဲ့ပြီး[၂၀] ၁၈၂၅ ဩဂုတ် ၂၉တွင် ပေါ်တူဂီနိုင်ငံမှ ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရသည်။[၂၁]
နိုင်ငံတဝှမ်းရှိ မြူနီစပါယ် ကောင်စီများ၏ ထောက်ခံမှုဖြင့် ဘရာဇီးနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၈၂၄ ခုနှစ် မတ်လ ၂၅ ရက်တွင် ကြေငြာခဲ့သည်။ ပထမ ပီဒရိုဘုရင်သည် ၁၈၃၁ ဧပြီလ ၇ ရက်တွင် နန်းစွန့်ကာ သူ၏ သမီးထံမှ ထီးနန်းကို ပြန်လည်ရယူရန် အတွက် ဥရောပသို့ ပြန်သွားခဲ့သည်။ သူ၏ ၅ နှစ် အရွယ် သားဖြစ်သူ ဒုတိယ ပီဒရိုဘုရင် ဖြစ်လာမည့် သူအား ချန်ထားခဲ့သည်။ ဘုရင်အသစ်မှာ အရွယ်မရောက်သေးသဖြင့် နိုင်ငံကို မအုပ်ချုပ်နိုင်သေးသည့် အတွက် ဘုရင်ခံ တစ်ဦးကို ခန့်ထားခဲ့သည်။
နိုင်ငံရေး အဖွဲ့ကွဲများမှ သူပုန်ထမှုများနှင့် မငြိမ်သက်မှုများ ပေါ်ပေါက်ခဲ့ပြီး မင်းမဲ့တိုင်းပြည် ဖြစ်လုနီးပါးပင် ဖြစ်သည်။ ဂရော-ပါရာ (Grão-Pará) ဒေသမှ လူဦးရေ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိသည် ကာဘာနာဂမ် ထကြွမှုတွင် သေဆုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့သည်။ အချို့သော သူများမှာ ပီဒရို ၂ အရွယ်မရောက်သေးသရွေ့ သူတို့၏ ဒေသအား လွတ်လပ်သော သမ္မတနိုင်ငံ များအဖြစ် ခွဲထွက်ကြောင်း ကြေငြာခဲ့သော်လည်း ဘုရင်ကို တော်လှန်ပုန်ကုန်ခြင်း မဟုတ်ကြပေ။ ထို့အတွက်ကြောင့် ဒုတိယ ပီဒရိုဘုရင်အား အရွယ်မရောက်မီတွင် ဧကရာဇ် အဖြစ် ကြေငြာခဲ့ရသည်။ ထို့နောက် ဘရာဇီးနိုင်ငံသည် ရာစုနှစ်ဝက်ခန့်မျှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အလျင်အမြန် တိုးတက်ခြင်းတို့ဖြင့် တွေ့ကြုံခဲ့ရသည်။
ဒုတိယ ပီဒရို ဘုရင်၏ ၅၈ နှစ်ကြာ အုပ်ချုပ်မှု အတွင်း ဘရာဇီးတို့သည် ပလက်တိုင်းစစ်ပွဲ၊ ဥရုဂွေး စစ်ပွဲနှင့် ပါရာဂွေး စစ်ပွဲဟူသော နိုင်ငံတကာ စစ်ပွဲ ၃ ခုကို အောင်မြင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုစစ်ပွဲများကြောင့် လူ ၅ သောင်းကျော် သေဆုံးခဲ့ရသည်။ ၁၈၂၈ ခုနှစ်တွင် စစ်ပလာတီးနား ဒေသကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ထိုဒေသမှာ ဥရုဂွေးနိုင်ငံ ဟူ၍ ဖြစ်လာခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျင်းပသော ရွေးကောက်ပွဲများနှင့် သတင်းစာ လွတ်လပ်မှုများကြောင့် ကိုယ်စားပြု ဒီမိုကရေစီ စနစ် အဖြစ် ပြောင်းလဲလာသည်ကို မြင်ခဲ့ရသည်။ အရေးပါသည့် ကိစ္စရပ်တစ်ခုမှာ ကျွန်စနစ်ကို တဖြည်းဖြည်း ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ၁၈၅၀ ခုနှစ်တွင် နိုင်ငံတကာ ကျွန်ကုန်သွယ်မှုကို ပိတ်ပင် တားဆီးခဲ့ပြီး ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာခဲ့ရာ ၁၈၈၈ ခုနှစ်တွင် ကျွန်စနစ်ကို အပြီးတိုင် ဖျက်သိမ်းခဲ့သည်။ ဘရာဇီးနိုင်ငံ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ကျွန် ဦးရေမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ခြင်း ဖြစ်သည်။ ၁၈၂၃ ခုနှစ်တွင် ကျွန်ဦးရေမှာ ဘရာဇီးနိုင်ငံ လူဦးရေ၏ ၂၉ ရာခိုင်နှုန်းမျှ ရှိပြီး ၁၈၈၄ ခုနှစ်တွင်မူ ၅ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့သည်။
ဘရာဇီးနိုင်ငံ အတွင်း အစိုးရပုံစံကို ပြောင်းလဲပစ်ရန် ဆန္ဒမရှိသော်လည်း ၁၈၈၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဘုရင်စနစ် ပျက်စီးသွားခဲ့သည်။။ ထိုအချိန်တွင် ဒုတိယ ပီဒရို ဘုရင်သည် အထင်ရှား အကျော်ကြားဆုံး ဖြစ်နေခဲ့သော်လည်း သူ၏ နန်းကျမှုအတွက်မူ သူတစ်ဦးတည်းတွင်သာ တာဝန်ရှိခဲ့သည်ဟု ဆိုသည်။ ဒုတိယ ပီဒရို အနေနှင့် သူ၏ သား ၂ ယောက်စလုံး သေဆုံးပြီးသည့် နောက်တွင် ဘုရင်စနစ်သည် သူနှင့် အတူ ချုပ်ငြိမ်းတော့မည်ဟူ၍ ယုံကြည်ခဲ့သည်။ သူ့အနေနှင့် အစိုးရ၏ ကံကြမ္မာကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့သည့် အတွက် မကျေနပ်ကြသော ကျွန်ပိုင်ရှင်တို့ ကျောထောက်နောက်ခံပြုထားသည့် စစ်တပ် အာဏာသိမ်းမှုကို မည်သို့မှ မတုံ့ပြန်ခဲ့သလို အခြားသူများအားလည်း တုံ့ပြန်ခွင့် မပေးခဲ့ပေ။
အစောပိုင်း သမ္မတနိုင်ငံ [ပြင်ဆင်ရန်]
သမ္မတ အစိုးရ ခေတ် အစပိုင်းတွင် စစ်အာဏာရှင် စနစ်ထက် အနည်းငယ်မျှသာ သာခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်မှ မဲပေးခွင့်ကဲ့သို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ကန့်သတ် ထားခဲ့သည်။ ၁၈၉၄ ခုနှစ်တွင်မူ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ၁၈၉၁ ခုနှစ် အန်စီဟာမန်တို စီးပွားရေး မတည်ငြိမ်မှု နှင့် ပထမဆုံး ရေတပ်ပုန်ကန်မှုတို့မှ အစပြု၍ နိုင်ငံမှာ ငွေကြေး၊လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှု ကာလရှည်အတွင်းသို့ စတင်ချင်းနင်း ဝင်ရောက်ခဲ့သည်။ ထိုအခြေအနေမှာ ၁၉၂၀ ခုနှစ်များတိုင်အောင် ကြာမြင့်ခဲ့ပြီး စစ်တပ်နှင့် အရပ်ဖက်မှ သူပုန်ထမှုများလည်း ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အစိုးရ၏ အာဏာမှာ တဖြည်းဖြည်းချင်း ယုတ်လျော့လာခဲ့သဖြင့် ၁၉၃၀ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော သမ္မတလောင်း ဇဲတူလူး ဗားဂပ်စ်မှ စစ်တပ်မှ အများစု၏ ထောက်ခံမှုဖြင့် အာဏာသိမ်းခဲ့ပြီး သမ္မတ ရာထူးကို ရယူခဲ့သည်။
ခေတ္တခဏမျှ အာဏာ ရယူထားသော ဗားဂပ်စ်နှင့် စစ်တပ်တို့မှာ ၁၈၉၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရန် ဖြစ်သော်လည်း လွှတ်တော်ကို ရပ်နားခဲ့ပြီး အရေးပေါ် အာဏာဖြင့် အုပ်ချုပ်ခဲ့သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူးများအား သူတို့ကို ထောက်ခံသူများဖြင့် လဲလှယ်ခဲ့သည်။ အစိုးရမှ ပေးထားသော ကတိများကို ချိုးဖောက်ခဲ့သဖြင့် ဆောပိုလိုမှ အစိုးရ အဖွဲ့ဝင် မိသားစုများမှ ၁၉၃၂ ခုနှစ်တွင် အာဏာကို ပြန်လည်ရယူရန် ကြိုးစားခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ကွန်မြူနစ်တို့ ပုန်ကန် ထကြွခဲ့ကြသည်။ ထိုပုန်ကန်မှု ၂ ခုစလုံးမှာ ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ဗားဂပ်စ် အစိုးရ အနေနှင့် ကွန်မြူနစ်တို့၏ အန္တရာယ်ကို အကြောင်းပြ၍ ရွေးကောက်ပွဲကို တားဆီးခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် အခြား အာဏာသိမ်းမှု တစ်ခုကို ပြုလုပ်ခဲ့ကာ အာဏာရှင် စနစ်ကို အပြည့်အဝ ကျင့်သုံးတော့သည်။ ၁၉၃၈ ခုနှစ် မေလတွင် ဒေသခံ ဖက်ဆစ်ဝါဒီတို့မှ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
နိုင်ငံခြားရေးရာ ကိစ္စများတွင်မူ ဤကာလ၏ အစောပိုင်းနှစ်များ အတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် ပြဿနာများကို ဖြေရှင်းရာတွင် အောင်မြင်ခဲ့သည်။ ပထမကမ္ဘာစစ် အတွင်း ပါဝင်ခဲ့ပြီးနောက် နိုင်ငံပေါင်းချုပ် အသင်းကြီး တွင် အရေးပါသော နေရာမှ ပါဝင်ဆောင်ရွက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဒုတိယကမ္ဘာစစ် အစပိုင်း အတွင်း ဘရာဇီးနိုင်ငံ သည် မည်သည့် ဘက်တွင်မှ မပါဝင်ခဲ့သော်လည်း ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ပန်အမေရိကန် ကွန်ဖရင့်မှ အစပြု၍ အမေရိကန်ပြည်ထောင်စု ဘက်မှ ရပ်တည်ခဲ့ပြီး ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်။ လက်စားချေသည့် အနေနှင့် နာဇီဂျာမနီ နှင့် ဖက်ဆစ်အီတလီတို့မှ ဘရာဇီးနိုင်ငံအား ရေငုပ်သင်္ဘောဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့် ဆောင်ရွက်ခဲ့သဖြင့် ထိုနှစ် ဩဂုတ်လတွင် ဘရာဇီးသည် မဟာမိတ်များ ဘက်မှနေ၍ ဒုတိယကမ္ဘာစစ် အတွင်းသို့ ဝင်ရောက် လာခဲ့သည်။
၁၉၄၅ခုနှစ် မဟာမိတ်တို့ အောင်ပွဲခံခြင်းနှင့် ဥရောပရှိ နာဇီ-ဖက်ဆစ် အစိုးရများ ပြုတ်ကျသွားခြင်းတို့ကြောင့် ဗားဂပ်စ် အနေနှင့် သူ၏ နေရာကို ဆက်လက် ထိန်းသိမ်းရန် မဖြစ်နိုင်တော့ပေ။ သူ့အား အခြား စစ်တပ် အာဏာသိမ်းမှု တစ်ခုဖြင့် အလျှင်အမြန်ပင် ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးခဲ့ပြီး ဗိုလ်ချုပ်ကြီး ယူရစ်ကို ဂက်စ်ပါ ဒူထရာ သည် ၁၉၄၆ ခုနှစ်တွင် ရွေးကောက်ခံရသည့် သမ္မတ အဖြစ် အာဏာ လွှဲပြောင်းယူခဲ့သည်။ ၁၉၅၀ ခုနှစ် အကုန်ပိုင်းတွင် ဗားဂပ်စ်သည် ဒီမိုကရေစီနည်းဖြင့် ရွေးကောက်ခံရသည့် သမ္မတအဖြစ် ဒုတိယအကြိမ် ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၅၄ခုနှစ် နိုင်ငံရေး ရှုပ်ထွေးမှုများကြားတွင် ဗားဂပ်စ်သည် မိမိဘာသာ အဆုံးစီရင် သွားခဲ့သည်။
ယနေ့ခေတ် ဘရာဇီး [ပြင်ဆင်ရန်]
ဗားဂပ်စ် မိမိဘာသာ အဆုံးစီရင်ပြီးသည့် နောက်တွင် ခေတ္တခဏမျှ အုပ်ချုပ်သည့် အစိုးရများစွာ ပေါ်ပေါက်ခဲ့သည်။ [၂၂] ၁၉၅၆ ခုနှစ်တွင် ဂျူဆယ်လီနို ကုဗစ်ရှက် သမ္မတ ဖြစ်လာခဲ့ပြီး နိုင်ငံရေး အတိုက်အခံ အင်အားစုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သဖြင့် သူ၏ လက်ထက်တွင် ပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့ပေ။ [၂၃] စီးပွားရေး နှင့် စက်မှုလုပ်ငန်းများ သိသာစွာ တိုးတက်လာခဲ့သည်။ [၂၄] သူ၏ အကြီးမားဆုံးသော အောင်မြင်မှု တစ်ရပ်မှာ မြို့တော်သစ် ဘရာဆေးလေးယားကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင် မြို့တော်သစ်ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ [၂၅] သူ၏ နေရာကို ဆက်ခံသူမှာ ဂျာနီယို ကွာဒရို ဖြစ်ပြီး ရာထူးဆက်ခံပြီး တစ်နှစ်မျှ မပြည့်သေးသည့် အချိန် ၁၉၆၁ ခုနှစ်တွင်ပင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ [၂၆] ထိုအချိန်က ဒုတိယသမ္မတ ဖြစ်သူ ရှဝေါင် ဂေါင်လတ်က သမ္မတ ရာထူးကို လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံရေး ဆိုင်ရာ ပြင်းထန်စွာ ဆန့်ကျင်မှုများကို ကြုံတွေ့ခဲ့ရသည်။[၂၇] ၁၉၆၄ တွင် စစ်အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရပြီး စစ်အစိုးရ တက်လာခဲ့သည်။[၂၈]
စစ်အစိုးရမှ အာဏာ အလွှဲအပြောင်းကြား ကာလတွင် ခေတ္တမျှ ထိန်းသိမ်းရန် ဖြစ်သော်လည်း [၂၉] တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး ၁၉၆၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ကို ကြေငြာကာ အာဏာရှင်စနစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့လေသည်။ [၃၀] အာဏာရှင် စနစ်ကို ဆန့်ကျင်သူ မြို့ပြနေ ပြောက်ကျားများကို [၃၁] နှိပ်ကွပ်ရာတွင် ကြမ်းတမ်းသော်လည်း အခြားသော လက်တင် အမေရိက တိုင်းပြည်များလောက် မဆိုးရွားခဲ့ပေ။ [၃၂] "အီကော်နောမစ် မစ်ရကယ်" ဟုခေါ်သော မကြုံဖူးလောက်အောင် ထူးခြားစွာ စီးပွားရေး တိုးတက်မှုများကြောင့် ဖိနှိပ်ထားသည့် ခုနှစ် အတွင်းမှာပင် စစ်အစိုးရကို လူကြိုက်များလာခဲ့သည်။[၃၃]
၁၉၇၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အာနတ်စတို ဂိုင်ဆယ် သမ္မတ ဖြစ်လာခဲ့ပြီး သူ၏ ဖြည်းဖြည်း၊ မှန်မှန် နှင့် လုံခြုံစိတ်ချရသည့် လမ်းကြောင်းဟု ပြောဆိုထားခဲ့သည် ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းမှု ကို စတင်ခဲ့သည်။[၃၄][၃၅] ဂိုင်ဆယ် သည် ၁၈၈၉ ခုနှစ်မှ စတင်သော စစ်တပ်၏ စည်းကမ်းမရှိမှုများ၊ နိုင်ငံရေး အကျဉ်းသားများအား ညှင်းပန်းနှိပ်စက်မှုများနှင့် သတင်းစာ ဆင်ဆာဖြတ်ခြင်းများကို ရပ်တန့်ခဲ့သည်။[၃၆] နောက်ဆုံးတွင် အာဏာရှင် အဖြစ်နှင့်ပင် ၁၉၆၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း စစ်အစိုးရ အဖြစ် ဆက်လက်ရှိနေခဲ့ပြီး သူ့နေရာကို ဆက်ခံသူ ဗိုလ်ချုပ်ကြီး ရှဝေါင် ဖီးဂေးရီဒို လက်ထက်တွင် ဒီမိုကရေစီ စနစ်သို့ အပြည့်အဝ ပြောင်းလဲခဲ့သည်။[၃၇]
၁၉၈၅ ခုနှစ် ယိုဆေး ဆာနေး သမ္မတ ဖြစ်လာပြီးနောက်တွင် အရပ်သားတို့လက်သို့ အာဏာ အပြည့်အဝ ပြန်လည် ရောက်ရှိလာခဲ့သည်။ [၃၈] သို့သော်လည်း သူ၏ သက်တမ်း ကုန်ဆုံးချိန်တွင် ထိန်းမနိုင် သိမ်းမရသော စီးပွားရေး ကပ်ဆိုက်မှုများနှင့် မကြုံစဖူးသော ငွေကြေးဖောင်းပွ မှုများကြောင့် လူကြိုက် အလွန်နည်းလာခဲ့သည်။ [၃၉] ဆာနေး၏ မအောင်မြင်သော အစိုးရအဖွဲ့ကြောင့် ၁၉၈၉ ခုနှစ်တွင် လူသိ အလွန်နည်းသော ဖာနန်ဒို ကော်လာ သမ္မတ ဖြစ်လာခဲ့ပြီး သူ့အား အမျိုးသား ကွန်ဂရက်မှ ၁၉၉၂ ခုနှစ်တွင် ရာထူးမှ အနားပေးခဲ့သည်။[၄၀] ကော်လာ၏ နေရာကို ဒုတိယသမ္မတ ဖြစ်သူ အီတာမာ ဖရန်ကိုက ဆက်လက် ရယူခဲ့ပြီး သူ၏ လက်ထက်တွင် ဖာနန်ဒို ဟင်းနရစ် ကာဒိုဆိုကို ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။
ကာဒိုဆို သည် ပလာနို ရီးရယ်ဟုခေါ်သည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဘရာဇီးနိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။[၄၁] သူ့အား ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်တွင် သမ္မတ အဖြစ်ထပ်မံ အရွေးခံခဲ့ရသည်။[၄၂] သူ့ထံမှ ၂၀၀၂ ခုနှစ် တွင် ရွေးကောက် တင်မြှောက်ခံရပြီး ၂၀၀၆ ခုနှစ်တွင် ထပ်မံ ရွေးကောက် တင်မြှောက်ခံရသော လူးဝစ် အင်နားရှို လူလာ ဒါ ဆေးလ်ဗား ထံသို့ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းနိုင်ခဲ့သဖြင့် ဘရာဇီး နိုင်င့အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရသော နိုင်ငံရေး တည်ငြိမ်မှုကို ရရှိခဲ့သည်။[၄၃] ၂၀၁၁ ခုနှစ်တွင် လူလာ ၏ နေရာအား လက်ရှိ သမ္မတ ဖြစ်သော ဒေးလ်မား ဟူးဆက်မှ ဆက်ခံခဲ့သည်။[၄၄]
ပထဝီဝင် [ပြင်ဆင်ရန်]
ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက်၏ အရှေ့ဘက် ကမ်းရိုးတန်း နေရာများစွာ ပါဝင်ပြီး တိုက်ကြီး၏ အတွင်းပိုင်း နေရာ အတော်များများလည်း ပါဝင်သည်။[၄၅] တောင်ဘက်တွင် ဥရုဂွေးနိုင်ငံ ၊ အနောက်တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ နှင့် ပါရာဂွေးနိုင်ငံ၊ အနောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ နှင့် ပီရူးနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ မြောက်ဘက်တွင် ဗင်နီဇွဲလားနိုင်ငံ၊ ဆူရာနမ်နိုင်ငံ၊ ဂိုင်ယာနာနိုင်ငံ နှင့် ပြင်သစ်နိုင်ငံ၏ ရပ်ဝေးနယ်နိမိတ် ဖြစ်သော ပြင်သစ်ဂီနီ တို့ဖြင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ အီကွေဒေါနိုင်ငံ နှင့် ချီလီနိုင်ငံ တို့မှ လွဲ၍ တောင်အမေရိကရှိ နိုင်ငံအားလုံးနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ ထိုမျှသာမက သမုဒ္ဒရာအတွင်းရှိ ကျွန်းများဖြစ်သည့် ဖာနန်ဒို ဒီ နိုရွန်ဟာ ကျွန်း၊ ရိုးကပ်စ် သန္တာကျွန်း၊ စိန့်ပီတာနှင့် စိန်ပေါကျွန်း၊ ထရီနီဒတ် နှင့် မာတင် ဗက်စ် ကျွန်း များလည်း ပါဝင်သည်။[၄] ၎င်း၏ အရွယ်အစား၊ မြေအနိမ့်အမြင့် အမျိုးမျိုး တည်ရှိမှု၊ ရာသီဥတု နှင့် သဘာဝ အရင်းအမြစ်များကြောင့် ဘရာဇီးနိုင်ငံသည် ပထဝီ အနေအထား အမျိုးမျိုး အစားစား ရှိသည်။[၄၅] အတ္တလန္တိတ်ရှိ ကျွန်းများ အပါအဝင် ဘရာဇီးနိုင်ငံသည် မြောက်လတ္တီကျု ၆ ဒီဂရီ နှင့် တောင်လတ္တီကျု ၃၄ ဒီဂရီ အကြား၊ အနောက်လောင်ဂျီကျု ၂၈ ဒီဂရီ နှင့် ၇၄ ဒီဂရီ အကြားတွင် တည်ရှိသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ရုရှားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု တို့၏ နောက်မှ လိုက်သည်။ အမေရိကားတိုက်တွင် တတိယမြောက်အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ရေပိုင်နက် ၂၁,၄၁၁ စတုရန်းမိုင် (၅၅,၄၅၅ စတုရန်းကီလိုမီတာ) အပါအဝင် [၄] စုစုပေါင်း ဧရိယာ စတုရန်းမိုင် ၃,၂၈၇,၆၁၂ မိုင် (၈,၅၁၄,၈၇၆.၅၉၉ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းသည်။ [၄၆] အချိန်အပိုင်းအခြား ဇုန် ၃ ခု တည်ရှိပြီး အနောက်ဘက်ရှိ ပြည်နယ်များတွင် UTC-4 အချိန်ဇုန်ရှိပြီး အရှေ့ဘက်ရှိ ပြည်နယ်များတွင် UTC-3 အချိန်ဇုန်ရှိကာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းများတွင် UTC-2 အချိန်ဇုန် ရှိသည်။ [၄၇] ဘရာဇီးသည် ကမ္ဘာပေါ်ရှိ အီကွေတာပေါ်တွင် တည်ရှိသော နိုင်ငံများအနက် အပူပိုင်းမဟုတ်သော အခြားဒေသများ ပါဝင်သည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။
ဘရာဇီးနိုင်ငံ၏ မြေမျက်နှာပြင်မှာလည်း အမျိုးမျိုးအစားအစား ကွဲပြားပြီး တောင်များ၊ တောင်ကုန်းများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ နှင့် ဆူးချုံတော မြေပြင်များ ပါဝင်သည်။ ကုန်းမြေ နေရာ အတော်များများမှာ ၆၆၀ပေ ( ၂၀၀ မီတာ) မှ ၂၆၀၀ပေ (၈၀၀ မီတာ) အမြင့်တွင် တည်ရှိသည်။ [၄၈] နိုင်ငံ၏ တောင်ဘက်ပိုင်းအခြမ်း နေရာဒေသ အတော်များများမှာ အမြင့်ပိုင်း ဒေသ ဖြစ်သည်။ ကုန်းပြင်မြင့် ဒေသ၏ အနောက်မြောက်ဘက်ပိုင်းမှာ မြေနိမ့်ပိုင်း တောင်ကုန်းဝိုင်းများကြောင့် ကျိုးပြတ်လျှက်ရှိသော ကျယ်ပြန့်ပြီး နိမ့်မြင့်တက်ကျရှိသော မြေမျက်နှာပြင်ဖြစ်သည်။[၄၈]
အရှေ့တောင်ပိုင်း ဒေသမှာ ပို၍ ကြမ်းတမ်းပြီး ရှုပ်ထွေးသော တောင်ရိုးများ တောင်တန်းများ ရှိပြီး အမြင့်ပေ ၃၉၀၀ (၁၂၀၀ မီတာ) အထိပင် မြင့်တတ်သည်။ [၄၈] ထိုတောင်တန်းများတွင် မန်တီကွေးယားတောင်တန်း၊ အီစပီနာဆို တောင်တန်း စသည်တို့နှင့် ဆယ်ရာ ဒို မားတောင်တန်း စသည်တို့ ပါဝင်သည်။ [၄၈] မြောက်ဘက်ပိုင်းတွင် ဂွီယာနာကုန်းမြင့်သည် တောင်ဘက်ပိုင်း အမေဇုံ မြစ်ဝှမ်းဒေသအတွင်းသို့ စီးဆင်းသော မြစ်များနှင့် မြောက်ဘက်ပိုင်း ဗင်နီဇွဲလားရှိ အိုရီနိုကို မြစ်အတွင်းသို့ စီးဆင်းသော မြစ်များကို ပိုင်းခြားပေးထားသည်။ ဘရာဇီးနိုင်ငံအတွင်း အမြင့်ဆုံး ဒေသမှာ ပီကို ဒါ နက်ဘလီနာ ဖြစ်၍ ၉၈၂၃ ပေ (၂၉၉၄ မီတာ) မြင့်ပြီး အနိမ့်ဆုံး နေရာမှာ အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။[၄]
ဘရာဇီးနိုင်ငံတွင် သိပ်သည်းရှုပ်ထွေးသော မြစ်များ အများအပြား ပါဝင်ပြီး ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး တစ်ခု ဖြစ်သည့် မြစ်တို့နှင့် ဆိုင်သည့် ပထဝီ အနေအထား ရှိသည်။ အဓိက မြစ်ဝှမ်းဒေသ ရှစ်ခု ရှိပြီး ၎င်းတို့အားလုံးမှာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ စီးဝင်သည်။[၄၉] အဓိကမြစ်များတွင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး ရေထုထည်အများဆုံး ဖြစ်သည့် အမေဇုံမြစ်၊ ပါရာနာမြစ်နှင့် ၎င်း၏ အဓိက မြစ်တစ်ခု ဖြစ်သည့် အီဂွါဆူမြစ် (အီဂွါဆူ ရေတံခွန် ပါဝင်သည်။)၊ နီဂရိုးမြစ်၊ ဆော ဖရန်စစ္စကိုမြစ်၊ အင်ဂူမြစ်၊ မာဒေးရာမြစ် နှင့် တားပါဂျိုမြစ် တို့ ဖြစ်ကြသည်။[၄၉]
ရာသီဥတု [ပြင်ဆင်ရန်]
ဘိုင်အိုဒိုင်ဗာစတီ [ပြင်ဆင်ရန်]
စီးပွားရေးဆိုင်ရာဖြစ်နိုင်ခြေ [ပြင်ဆင်ရန်]
ပတ်ဝန်းကျင် [ပြင်ဆင်ရန်]
နိုင်ငံရေး [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Brazil 2009 Estimate IGBE: Instituto Brasileiro de Geografia e Estatística. Retrieved 2 January 2010.
- ↑ ၂.၀ ၂.၁ Brazil. International Monetary Fund. Retrieved on 2010-04-21။
- ↑ UNDP Human Development Report 2009. Table H: Human development index 2007 and its components (PDF). UNDP. Retrieved on 2009-10-05။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ Geography of Brazil. Central Intelligence Agency (2008). Retrieved on 2008-06-03။
- ↑ People of Brazil. Central Intelligence Agency (2008). Retrieved on 2008-06-03။
- ↑ Introduction of Brazil. Central Intelligence Agency (2008). Retrieved on 2008-06-03။
- ↑ "World Development Indicators database" (PDF file), World Bank, 7 October 2009.
- ↑ CIA – The World Factbook – Country Comparisons – GDP (purchasing power parity). Cia.gov. Retrieved on 25 January 2011။
- ↑ Boxer, p. 98.
- ↑ Boxer, p. 100.
- ↑ Boxer, pp. 100–101.
- ↑ ၁၂.၀ ၁၂.၁ Skidmore, p. 27.
- ↑ Boxer, p. 101.
- ↑ Skidmore, pp. 32–33.
- ↑ Lustosa, pp. 109–110
- ↑ Vianna, p. 418
- ↑ Hendrik Kraay apud Lorenzo Aldé, Revista de História da Biblioteca Nacional, issue 50, year 5 (Rio de Janeiro: SABIN, 2009), p. 20
- ↑ Sérgio Buarque de Holanda, O Brasil Monárquico: o processo de emancipação, 4th ed. (São Paulo: Difusão Européia do Livro, 1976), p. 403
- ↑ Diégues 2004, pp. 168, 164, 178
- ↑ Diégues 2004, pp. 179–180
- ↑ Lustosa, p. 208
- ↑ Skidmore, p. 201
- ↑ Skidmore, pp. 202–203
- ↑ Skidmore, p. 204
- ↑ Skidmore, pp. 204–205
- ↑ Skidmore, pp. 209–210
- ↑ Skidmore, p. 210
- ↑ Fausto (2005), p. 397
- ↑ Gaspari, A Ditadura Envergonhada, pp. 141–142.
- ↑ Gaspari, A Ditadura Envergonhada, p. 35.
- ↑ Elio Gaspari, A ditadura escancarada (São Paulo: Companhia das Letras, 2002), p. 193.
- ↑ Skidmore, p. 239
- ↑ Fausto (2005), p. 422
- ↑ Bueno, p. 379.
- ↑ Fausto (2005), p. 455.
- ↑ Gaspari, A Ditadura Envergonhada, pp. 35–36.
- ↑ Bueno, p. 382.
- ↑ Fausto (2005), p. 460.
- ↑ Fausto (2005), pp. 464–465.
- ↑ Fausto (2005), pp. 465, 475.
- ↑ Fausto (2005), p. 482.
- ↑ Fausto (2005), p. 474.
- ↑ Fausto (2005), p. 502.
- ↑ Brazil elects Dilma Rousseff, nation's first woman president. CNN (2010-10-31). Retrieved on 2011-08-08။
- ↑ ၄၅.၀ ၄၅.၁ Template:Cite encyclopedia[dubious ]
- ↑ Official Area (In Portuguese) IBGE: Instituto Brasileiro de Geografia e Estatística. Retrieved 2010-01-08.
- ↑ Hora Legal Brasileira. Observatório Nacional. Archived from the original on 2011-07-22။ Retrieved on 2009-02-21။
- ↑ ၄၈.၀ ၄၈.၁ ၄၈.၂ ၄၈.၃ Template:Cite encyclopedia[dubious ]
- ↑ ၄၉.၀ ၄၉.၁ Template:Cite encyclopedia[dubious ]



Research






